Warning: "continue" targeting switch is equivalent to "break". Did you mean to use "continue 2"? in /home/gitbtmka/public_html/wp-content/plugins/qtranslate-x/qtranslate_frontend.php on line 497

Warning: Parameter 2 to qtranxf_postsFilter() expected to be a reference, value given in /home/gitbtmka/public_html/wp-includes/class-wp-hook.php on line 298
BTMKA ၏သမိုင်းကြောင်း – btmka

Warning: Parameter 2 to qtranxf_postsFilter() expected to be a reference, value given in /home/gitbtmka/public_html/wp-includes/class-wp-hook.php on line 298

BTMKA ၏သမိုင်းကြောင်း

မန္တလေးမြို့ ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း၏ သမိုင်းအကျဉ်း

မြန်မာသက္ကရာဇ် ၁၂၉၇(၁၉၃၅)ခုနှစ်တွင် မန္တလေးမြို့၌ နေထိုင်ကြကုန်သော ပွဲစားကုန်သည်များသည် မန္တလေးမြို့ သီရိဟေမာ အရှေ့ရပ် ၈၆ လမ်း၊၂၆×၂၈ လမ်း၊အိမ်အမှတ်(၈)ဖြစ်သော ပွဲစားကြီးဦးသန့်၏ အိမ်/ပွဲရုံတွင် ဦးသန့်က ဦးဆောင်၍ တစ်ဦးနှင့်တစ်ဦး စုပေါင်းတိုင်ပင်ကြပြီး ၈၆ လမ်း၊၂၆­×၂၈ လမ်းအတွင်းတွင် ကထိန်တော်ခင်းကျင်းလှူဒါန်းခြင်းကို စတင်ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ တစ်နှစ်တစ်ကြိမ် ကထိန်ခင်းကျင်းလှူဒါန်းလာခဲ့ရာ (၁၀)နှစ်မျှအကြာ ၁၃၀၇ ခုနှစ်၊ဒုတိယဝါဆိုလဆန်း(၃)ရက် (၁၂.၇.၁၉၄၅)နေ့ရောက်သောအခါ ”ပဲဘက်ဆိုင်ရာ ပွဲစားကုန်သည်များအသင်း”ဟူသော အမည်ဖြင့် ၂၆ လမ်း၊၈၆×၈၇ လမ်းကြားတွင် အသင်းတစ်ခုဖွဲ့စည်းတည်ထောင်၍ စည်းမျဉ်းစည်းကမ်း ဥပဒေများကိုလည်း ရေးဆွဲအတည်ပြုခဲ့ကြပါသည်။

ထိုအသင်း၏ ရည်ရွယ်ချက်မှာ ပစ္စုပ္ပန်ဘဝတစ်ခု စားဝတ်နေမှုတို့အတွက် ပွဲစားကုန်သည်လုပ်ငန်းများကို တရားသဖြင့် လုပ်ကိုင်ကြပြီးလျှင် နောင်ဘဝများစွာ သံသရာအကျိုးစီးပွားအတွက် ရှေးအထက်(၁၀)နှစ်လောက်က ခင်းကျင်းလှူဒါန်းလာခဲ့သော ကထိန်တော်အလှူကို မန္တလေးမြို့ မြူနီစီပါယ်နယ်နိမိတ်အတွင်းရှိကျောင်းတိုက်များကို မဲချ၍ မဲကျရာကျောင်းတိုက်များတွင် ဝါဆို ဝါကပ်တော်မူကြသော သံဃာတော်အရှင်သူမြတ်များအား ကထိန်တော်အလှူကို ဆက်လက်ခင်းကျင်းလှူဒါန်းသွားရန်ဖြစ်ပါသည်။

ထိုရည်ရွယ်ချက်အတိုင်း လုပ်ကိုင်ဆောင်ရွက်လာကြရာ ၁၃၀၉ (၁၉၄၇)ခုနှစ်တွင် ပွဲစားကုန်သည်စက်ပိုင်များ အသင်း ဟူသောအမည်ဖြင့် ၈၆ လမ်း၊ ၂၉ ×၃၀ လမ်းကြား၊ ထုံးဘူးတန်းရှိ ဦးကောင်းနှင့် မောင်နှမများမှ ၎င်းတို့ပိုင်ဆိုင်သောဝင်းတွင် အသင်းသားများအား ငှားရမ်းခမယူပဲ (၇)နှစ်ခန့် ကုန်ရောင်းကုန်ဝယ် ပြုလုပ်ခွင့်ပေး ခဲ့သည်။

၁၃၁၆ – ခု၊ (၁၉၅၄) ခုနှစ်တွင် ၈၆ လမ်း၊ ၃၂ ×၃၃ လမ်းကြား ပဲလှော်ချောင်ရပ်ရှိ ဦးဘသန်း ပိုင်မြေနေရာ (ဦးပိုင်အမှတ်-၁၀)အား အသင်းပိုင်အဖြစ် စုပေါင်းဝယ်ယူခဲ့ပြီး ကထိန်တော်အသင်းပိုင်အဆောက်အဦတွင် ပွဲစားကုန်သည်များ ကထိန်တော်အသင်းအမည်ဖြင့် ကထိန်တော်အလှူကို ဆက်လက်ခင်းကျင်းလှူဒါန်းခဲ့ကြပါသည်။

၁၃၂၆ – ခု၊ (၁၉၆၄) ခုနှစ်တွင် တော်လှန်းရေးကောင်စီအစိုးရက နိုင်ငံတော်ပြည်သူပိုင်သိမ်းဆည်းရေးဥပဒေ အရ ဤအသင်းတိုက်အား သိမ်းယူခဲ့ပါသည်။ သို့သော်အသင်းကြီး၏စဉ်းမျဉ်းအပိုဒ်(၂၂)တွင် ဖော်ပြချက်အရ ဤအသင်းတိုက်အား ပြည်သူပိုင်သိမ်းခြင်းမှ ကင်းလွှတ်၍ ငှားရမ်းခြင်းသာ ပြုလုပ်ခဲ့ပါသည်။ ထို့ကြောင့် ၁၃၂၆ -ခု၊ ၁၉၆၄ -ခုနှစ်မှ ၁၉၈၈ -ခုနှစ်အထိ အသင်းတိုက်အား (၂၅)နှစ်တိတိ ငှားရမ်းခဲ့ပါသည်။ ၎င်း(၂၅)နှစ်အတွင်း ဦးစိန်ရ+ ဒေါ်ရွှေ မိသားစုတို့က ၎င်းတို့ပိုင်ဆိုင်သောဝင်းအတွင်းသို့ပြောင်း၍ ဤအသင်းအား (၂၅)နှစ်ခန့် ငှားရမ်းခမယူပဲ ရောင်းဝယ်ခွင့် ပြုခဲ့ပါသည်။

မူလစဉ်းမျဉ်းဥပဒေများကိုလည်း ဘာသာရေးအသင်းဖြစ်သော ကထိန်တော်အသင်းနှင့် ဆီလျှော်စွာ ပြင်ဆင်ရေးဆွဲကြပြီးလျှင် ၁၃၂၇ -ခုနှစ်၊ တပေါင်းလဆန်း(၁)ရက်နေ့(၂၀.၂.၁၉၆၆)နေ့တွင် ကျင်းပခဲ့သည့် သင်းလုံးကျွတ်နှစ်ပတ်လည်အစည်းအဝေးကြီးသို့ တင်ပြအတည်ပြုခဲ့ကြပါသည်။

ယခင်က ဤကထိန်တော်အသင်းတွင် ပွဲစားကုန်သည်အများစုနှင့် စက်ပိုင်အချို့သာ ပါဝင်ခဲ့ကြသော်လည်း ယခုအချိန်တွင် ပွဲစားကုန်သည်များအပြင် သီးနှံကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်သည့် စက်ပိုင်အများအပြား အသင်းဝင်ဖြစ်လာကြသဖြင့် ၁၃၄၈ -ခု၊ (၁၉၈၆)ခုနှစ်၊ (၅၂)ကြိမ်မြောက် ကထိန်တော်နှစ်မှစတင်၍ `ပွဲစားကုန်သည်စက်ပိုင်များ၏ကထိန်တော်အသင်း’ဟု အမည်ပြောင်းလဲအတည်ပြုခေါ်ဝေါ်သုံးစွဲခဲ့ကြပါသည်။

မူလစည်းမျဉ်းဥပဒေများကိုလည်း အချိန်အခါနှင့် လျှော်ညီစွာ ဖြည့်စွက်ရေးသား၍ ၁၃၅၀-ခုနှစ်၊ တပေါင်းလပြည့်ကျော်(၉)ရက် (၃၀.၃.၁၉၈၉)ရက်၊ ကြာသပတေးနေ့တွင် ဤအသင်းတိုက်အတွင်း ကျင်းပခဲ့သည့် (၅၅)ကြိမ်မြောက် သင်းလုံးကျွတ်နှစ်ပတ်လည် အစည်းအဝေးကြီးသို့ တင်ပြအတည်ပြုချက်ရယူပြီး ယခုအချိန်အထိ ဆက်လက်သုံးစွဲလျှက် ရှိပါသည်။ ဤကထိန်တော်အသင်းကြီးမှ နှစ်စဉ်မပျက် ကထိန်တော်အလှူသာမက-

၁၃၁၀ – ခုနှစ်၊ (၁၃)ကြိမ်မြောက် ကထိန်တော်နှစ်တွင် `ပဲဘက်ဆိုင်ရာအသင်း` အမည်ဖြင့် နန်းရှေ့ ခင်မကန်တိုက်အတွင်းရှိ ကထိန်ကျောင်းအား ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။

(၂၅)ကြိမ်မြောက် ကထိန်တော်ငွေရတုနှစ်တွင် နန်းရှေ့ ခင်မကန်တိုက်အတွင်းရှိ ကထိန်ကျောင်းအား မွမ်းမံပြင်ဆင်လှူဒါန်းခဲ့ပါသည်။

နှစ်(၅၀)မြောက် ကထိန်တော်ရွှေရတုနှစ်တွင် ဒက္ခိဏရာမဘုရားကြီးကျောင်းတိုက်အတွင်းရှိ ရှေးဟောင်း သိမ်တော်ကြီးအား မွမ်းမံပြင်ဆင်လှူဒါန်းခဲ့ပါသည်။

၁၃၆၁ -ခု၊ (၁၉၉၉)ခုနှစ် (၆၅)ကြိမ်မြောက် ကထိန်တော်နှစ်တွင်လည်း နန်းရှေ့ခင်မကန်တိုက်အတွင်းရှိ ကထိန်ကျောင်းအား ထပ်မံမွမ်းမံပြင်ဆင်လှူဒါန်းခဲ့ပါသည်။

၂၀၀၅-ခုနှစ်၊ (၇၀)ကြိမ်မြောက် နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးကြီးမှ စိန်ရတုအထိမ်းအမှတ် ခန်းမကြီး ဆောက်လုပ်ရန်ဆုံးဖြတ်ခဲ့ပြီး(၂၀၀၉)ခုနှစ်တွင် (၇၅)ကြိမ်ပြည့် စိန်ရတုခန်းမကို အခမ်းအနားဖြင့် ဖွင့်လှစ်နိုင်ခဲ့ပါသည်။

၁၉၈၈- ခုနှစ်နောက်ပိုင်းမှစတင်ပြီး ဤအသင်းကြီး၏မူလရှိပြီးအသင်းသားများအပြင် အသင်းသားအသစ်များ ကို ပြန်လည်လက်ခံခဲ့ပါသည်။ (ထိုစဉ်အခါက ကထိန်တော်အလှူငွေ(၃)နှစ်ဆက်တိုက်ပေးသွင်းသူအားလုံးအား အသင်းသားအဖြစ်လက်ခံခဲ့ပါသည်) ထို့ကြောင့် ထိုအချိန်ကလက်ခံခဲ့သော အသင်းသားများတွငါ အခြားမြို့များမှ အသင်းသားများ ပါဝင်ခဲ့ပါသည်။ ၎င်းနောက်ပိုင်းတွင်မူ မန္တလေးစည်ပင်သာယာနယ်နိမိတ်အတွင်းရှိ အသင်းသားသစ် များကိုသာ လက်ခံခဲ့ပါသည်။

ဤအသင်းကြီး စတင်သန္ဓေတည်စဉ်မှစ၍ ခေါင်းဆောင်သူများတွင် ပါဝင်ခဲ့သည့် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်ကြီးများမှာ –

၁။ ဦးစက်ဖေ (ပွဲစားကြီး) အမှတ်(၅)၊ ၈၆ လမ်း၊ ၂၈ ×၂၉ လမ်းကြား၊ ဒေါင်းရိုးရပ်၊ မန္တလေးမြို့။

၂။ ဘီအက်စီ ဦးခင်မောင် (ပွဲစားကြီး) အမှတ်(၇)၊ ၈၆ လမ်း၊ ၂၈ × ၂၉ လမ်းကြား ဒေါင်းရိုးရပ်၊ မန္တလေးမြို့။

၃။ ဦးကောင်း (ပွဲစားကြီး) အမှတ်(၂)၊ ၈၅ လမ်း၊ ၂၈ × ၂၉ လမ်းကြား၊ ဝါးတန်းရပ်၊ မန္တလေးမြို့။

၄။ ဦးမြင့် (ပွဲစားကြီး) အမှတ်(၃၅၃)၊ ၈၄ လမ်း၊ ၃၇ ×၃၈ လမ်းကြား၊ ကွမ်းခြံရပ်၊ မန္တလေးမြို့။

၅။ ဦးဆိုင် (ပွဲစားကြီး) အမှတ်(၁၂)၊ ဘုရင့်နောင်လမ်း၊ ဆိုင်တန်းရပ်၊ မန္တလေးမြို့။

၆။ ဦးပိုက် (ပွဲစားကြီး) အမှတ်(၇)၊ ၈၇ လမ်း၊ ၂၈ ×၂၉ လမ်းကြား၊ ဒေါင်းရိုးရပ်၊ မန္တလေးမြို့။

၇။ ဦးလှမောင် (ဗမာသစ်ပွဲရုံ/ ပဲခွဲစက်) ၈၅ လမ်း၊ ၃၂× ၃၃ လမ်းကြား၊ မလွန်ရပ်၊ မန္တလေးမြို့။

၈။ ဦးကျော်သိန်း (အရီးတောင်းလက်ဖက်) အမှတ်(၃၄) ၈၅ လမ်း၊ ၂၉ × ၃၀ လမ်းကြား၊ မန္တလေးမြို့။

၉။ ဦးသိန်းထွန်း (ဆားတောင်ပွဲရုံ)၊ ယခုလက်ရှိ ဥက္ကဋ္ဌ၊ အမှတ်(၁၉)၊ ၈၅ ×၈၆ လမ်းကြား၊ ၃၂ ×၃၃ လမ်းကြား၊ မလွန်ရပ်၊ မန္တလေးမြို့ တို့ ဖြစ်ကြပါသည်။

 

 

 

Social media & sharing icons powered by UltimatelySocial