Warning: "continue" targeting switch is equivalent to "break". Did you mean to use "continue 2"? in /home/gitbtmka/public_html/wp-content/plugins/qtranslate-x/qtranslate_frontend.php on line 497

Warning: Parameter 2 to qtranxf_postsFilter() expected to be a reference, value given in /home/gitbtmka/public_html/wp-includes/class-wp-hook.php on line 298
Membership Criteria – btmka

Warning: Parameter 2 to qtranxf_postsFilter() expected to be a reference, value given in /home/gitbtmka/public_html/wp-includes/class-wp-hook.php on line 298

Membership Criteria

မန္တလေးမြို့ ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းသို့ အသင်းဝင်လိုသူများအနေဖြင့် အောက်ပါ အချက်အလက်များ လိုအပ်ပါသည်။

(က) တိုင်းရင်းသား (သို့မဟုတ်) နိုင်ငံသားစိစစ်ရေးကဒ်ကိုင်ဆောင်ထားသူဖြစ်ခြင်း။

(ခ) အသက် (၁၈) နှစ် ပြည့်ပြီးဖြစ်ခြင်းနှင့် ပဋိညာဉ်ပြုပိုင်ခွင့် အရည်အချင်းရှိသူဖြစ်ခြင်း။

(ဂ) အကျင့်စာရိတ္တ ကောင်းမွန်ခြင်း။

(ဃ) အသင်းမှပြဋ္ဌာန်းသည့် အသင်းဝင်ကြေး၊ လစဉ်ကြေး၊ နှစ်စဉ်ကြေး နှင့်ကထိန်တော်အလှူငွေတို့ကို ပေးသွင်းလှူဒါန်းသူဖြစ်ခြင်း။

(င) အသင်းမှအခါအားလျော်စွာ သတ်မှတ်ထားသော ထည့်ဝင်ကြေးများကို ပေးသွင်းသူဖြစ်ခြင်း။

(စ) မန္တ္တလေးမြို့၊ စည်ပင်သာယာရေး နယ်နိမိတ်အတွင်း နေထိုင်သူ ဖြစ်ခြင်း။

(ဆ) မန္တ္တလေးမြို့၊ စည်ပင်သာသာနယ်နိမိတ်အတွင်းရှိ မိမိပိုင်ဆိုင်သော မရွှေ့ပြောင်းနိုင်သည့် ပစ္စ္စ္စ္စည်းပိုင်ဆိုင်မှု အထောက်အထား တင်ပြနိုင်သူဖြစ်ခြင်း။

(ဇ) အထက်ဖေါ်ပြပါ အပိုဒ် (ဃ)(င) အရ –

(၃) နှစ်ငွေမသွင်း၍ ရပ်စဲထားသော အသင်းသားဟောင်းများက အသင်းသားအဖြစ် ပြန်လည်လျှောက်ထားခဲ့သော် ယခင်(၃)နှစ်တွက် ငွေများနှင့်တကွ လက်ရှိ အသင်ဝင်ကြေးအရပ်ရပ်ကို ပေးသွင်းစေပြီး အသင်းစည်းမျဉ်းနှင့်ကိုက်ညီမှုရှိသူဖြစ်ခြင်း။

မှတ်ချက် ။     အသင်းမှ (၃)နှစ်တွက်ငွေမသွင်း၍ အသင်းသားအဖြစ်မှ ရပ်စဲခံရသူများမှအပ အသင်းမှအပြစ်ရှိ၍ ထုတ်ပယ်ခံရသူသည် အသင်းသားဖြစ်ပိုင်ခွင့်မရှိစေရ။

အသင်းသားအဖြစ်လက်ခံခြင်း

(က) အသင်းသားအဖြစ် ပါဝင်လိုသူသည် အသင်းသား(၃)ဦး၏ထောက်ခံချက်ဖြင့် အသင်းသားအဖြစ် ပါဝင်လိုကြောင်း အဆိုပြုလွှာတင်ရမည်။ ထိုအဆိုပြုလွှာကို အလုပ်အမှူဆောင်အစည်းအဝေးတွင် တင်ပြ၍ လက်ခံအတည်ပြုသောအခါ အသင်းဝင်တစ်ဦးဖြစ်စေရမည်။

(ခ) အဆိုပြုသူ အသင်းဝင်ဖြစ်မြောက်ရေးအတွက် ထောက်ခံသော အသင်းသားများသည် ၎င်းအဆိုပြုထားသော ပုဂ္စိ္စ္စ္ဂုလ်နှင့် ပတ်သက်သော ပြသနာများကို တာဝန်ယူကူညီဖြေရှင်းပေးနိုင်သူ ဖြစ်ရမည်။

(ဂ) အသင်းဝင်အဖြစ် လျှောက်ထားသည့် ပုဂ္ဂိ္ဂုလ်သည် အသင်းတိုက်အတွင်း၌ အသင်းသားအချင်းချင်းပြုလုပ်ကြသော ရောင်းဝယ်ရာ၌ ငွေရေးကြေးရေးကိစ္စများအတွက် လုံလောက်စွာ ဖြေရှင်းနိုင်သည့် ကတိဝန်ခံချက်များကို ပေးနိုင်သူဖြစ်ရမည်။

အသင်းမှနုတ်ပယ်ခြင်း

အောက်ဖော်ပြပါအချက်များကို ပြုလုပ်ကျူးလွန်သူတို့အား အသင်းမှနုတ်ပယ်ပိုင်ခွင့် ရှိစေရမည်။

(က) မိမိကိုယ်တိုင် အသင်းဝင်ကုဂ္ဂိုလ်အဖြစ်မှငြင်းပယ်ခြင်း။

(ခ) အသင်း၏အကျိုး ဆိုးယုတ်စေသောလုပ်ငန်းများကိုလုပ်ကိုင်ဆောင်ရွက်ခြင်း။

(ဂ) အသင်း၏အခွင့်အရေးကိုအလွဲသုံးစားပြုလုပ်ခြင်း။

(ဃ) အသင်း၏ စည်းမျဉ်းစည်းကမ်းဥပဒေများကို မလိုက်နာခြင်း။

(င) သတ်မှတ်ထားသော လစဉ်ကြေး၊ နှစ်စဉ်ကြေးနှင့် ကထိန်တော်အလှူငွေတို့ကို ပေးသွင်းလှူဒါန်းရန်ပျက်ကွက်ခြင်း။

(စ) အခါအားလျော်စွာ သတ်မှတ်သော ထည့်ဝင်ကြေးများကို ပေးသွင်းရန်ပျက်ကွက်ခြင်း။

(ဆ) ရောင်းဝယ်မှုတွင် ငွေရေးကြေးရေးနှင့်ပတ်သက်၍ အပြစ်ကျူးလွန်သူဖြစ်ခြင်း။

 

Social media & sharing icons powered by UltimatelySocial